“နိုင်ငံတော်တည်ထောင်ပါစေသော်.....”
ကမ္ဘာကြီးရဲ.သမိုင်းကြောင်းတလျှောက်မှာ လူတွေကတိုင်းနိုင်ငံတွေတည်ထောင်ခဲ.ကြတယ်။သူတို.ရဲ.လက်နက်စွမ်းအားတွေနဲ.တည်ထောင်ခဲ.ကြ
တယ်။စီပွားကုန်သွယ်ရေးနှင်.ကြီးထွားလာတဲ.နိုင်ငံတွေရှိတယ်။နိုင်ငံရေးနည်းလမ်းတွေနဲ. အာဏာရယူခဲ.ကြတဲ.သူတွေလဲရှိတယ်။
လွန်ခဲ.တဲ.နှစ်ပေါင်းနှစ်ထောင်ကျော်ကရောမအင်ပါယာကမ္ဘာ.သခင်မဖြစ်ချိန် အရှေ.အလယ်ပိုင်းဒေသမှာအသက်သုံးဆယ်အရွယ် ဂျူးလက်သ
မားလူငယ်တစ်ယောက်ကလည်း နိုင်တော်တခုအကြောင်းကြေညာခဲ.တယ်။သူ.နာမည်က နာဇရက်မြို.သားယေရှု။ သူ.ရဲ.နှတ်ကနေ သူဟာ
ဘုရင်ဖြစ်ကြောင်း၊ဘုရားသခင်ရဲ.နိုင်ငံတော်ကိုတည်ထောင်မည်.အကြောင်းကို အတိအလင်းကြေညာခဲ.တာပါ။လက်နက်မပါ၊စစ်အင်အားမပါ
နောက်ခံနိုင်ငံရေးအင်အားမပါပဲနှင်. ကြေညာခဲ.တယ်။ယေရှု ဒီအကြောင်းပြောတဲ.အခါမှာ သူ.မိသားစုအသိုင်းအ၀ိုင်းက တုံ.ပြန်ပုံ ကို မာကု
မှတ်တမ်းတင်ထားပုံက ရှင်းပါတယ်။“ကိုယ်တော်(ယေရှု)၏ အဆွေအမျိုးတို.သည် ကြားလျှင်၊သူ(ယေရှု)သည် အရူးဖြစ်၏ဟုဆို၍ကိုယ်တော်
ကိုဖမ်းဆီးခြင်းငှာထွက်သွားကြ၏။” (မာကု၊ ၃း၂၀)
အဲဒီအချိန်ကာလမှာ ဂျူးလူမျိုးတွေဟာ ရောမလက်အောက်မှာ ပြားပြားဝပ်နေရတယ်။သူတို.ဂျူးလူမျိုးတွေရဲ. သမိုင်းမှာ ထူးခြားချက်တခုရှိ
တာက သူတို.ဟာဘုရားသခင်ကို ဘုရင်အဖြစ်ခံယူထားခြင်း (Theocracy)(ဧကရာဇ်ကိုးကွယ်မှုနဲ.ပြောင်းပြန်)ဖြစ်တယ်။သူတို.တခြားလူမျိုး
တွေလက်အောက်ကျရောက်တဲ.အခါတိုင်း ဖန်ဆင်းရှင်ဘုရားသခင်က နည်းမျိုးစုံနှင်.ကယ်တင်လေ.ရှိတယ်။သူတို.ရဲ.ပရောဖက်တွေကလည်း
တစ်နေ.မှာ လူသားအားလံးကို စိုးစံမဲ.ဘုရင်တပါးလာမဲ.အကြောင်းကြိုဟောခဲ.ကြတယ်။အခုလို ရောမလက်အောက်ကျရောက်နေရတဲ.အချိန်
ဂျူးလူမျိုးတွေဟာ ကျော်ကြားတဲ.ရှေးအစ္စရေးဘုရင် ရှောလုတို.၊ဒါဝိဒ်တို.လို အစွမ်းကြီးတဲ.ပုဂ္ဂိုလ်၊ဂုဏ်ရှိတဲ.ပုဂ္ဂိုလ်၊နိုင်ငံတော်ခေါင်းဆောင်
အဖြစ်သူတို.ကိုကယ်တင်မဲ.သူကိုလိုလားနေကြတာ။တော်လှန်ရေးတိုက်ပွဲတွေလည်းခဏခဏဖြစ်ခဲ.ပြီး ခေါင်းဆောင်ဆိုသူတွေလည်း
တစ်ယောက်ပြီးတစ်ယောက် ပေါ်ခဲ.တယ်။ဒီလိုအခြေအနေမှာ နိုင်ငံတော်အကြောင်းပြောနေတဲ. ယေရှုကရော...သူတို.လိုချင်တဲ့ခေါင်းဆောင်
လား.......။
ယေရှုရဲ.နိုင်ငံက ကမ္ဘာပေါ်မှာရှိခဲ.တဲ.နိုင်ငံတွေလို စစ် လက်နက်အင်အားတွေနဲ.တည်ထောင်ထားတာမျိုးမဟုတ်ဘူး။ဒီလိုနိုင်ငံတွေဟာ မတည်
မြဲဘူး၊လူသားတွေလိုအပ်နေတာ ဒီလိုနိုင်ငံမျိုးမဟုတ်ဘူးဆိုတာ ယေရှုသိတယ်။သူတည်ထောင်ချင်တာက ထာဝစဉ်တည်တံ.သွားမဲ.နိုင်ငံတော်
။လူသားတစ်ဦးချင်းစီရဲ.နှလုံးသားမှာအစပြုပြီး ချစ်ခြင်း၊ခွင်.လွတ်ခြင်း၊မျော်လင်.ခြင်းတွေနဲ.တည်ထောင်မဲ.နိုင်ငံတော်။ဒါနဲ.ပတ်သက်ပြီး
ယေရှုက မျိုးကြဲသူတစ်ယောက်နဲ.ဥပမာပြခဲ.တယ်။မျိုးကြဲတဲ.သူက မြေကြီးကိုထွန်ယက်ပြီးတော. မျိုးစေ.တွေကိုကြဲတယ်။ဒီလိုကြိုးစားလုပ်
ဆောင်ပြီး အပင်တွေရှင်သန်ကြီးထွားလာသလိုပဲ ဘုရားသခင်ရဲ.နိုင်ငံတော်ကလဲ လူတွေရဲ.နှလုံးသားထဲမှာ အစတည်ပြီးတော.တိုးတက်ကြီး
ထွားရှင်သန်လာမယ် ဆိုတာပြောပြခဲ.တယ်။
ဂျူးတွေလိုချင်တာက သူတို.ကို ခေါင်းဆောင်ပြီးရောမလက်အောက်ကလွတ်ဖို.၊ကိုယ်ပိုင်အုပ်ချူပ်ခွင်.ရဖို.အတွက်ပဲ။ဒါပေမဲ.ယေရှုကြေညာတဲ.
နိုင်ငံတော်က ဒီထက်အများကြီး ပိုကျယ်ပြန်.တယ်။လူသားမျိုးနွယ်စုတိုင်း ပါဝင်မဲ.နိုင်ငံဖြစ်တယ်။လူတွေက ကိုယ်.လူမျိုးနဲ.ကို အုပ်ချူပ်ရလို.လဲ
မတရားမှုတွေ၊ဖိနှိပ်မှုတွေပျောက်သွားမှာမှမဟုတ်တာ။ဒါကိုယေရှုသိတယ်။
ယေရှုက သူ.ကိုယ်သူ ဘုရင်လို.သာပြောနေပေမဲ. လူတွေသိတဲ.ဘုရင်ပုံနဲနဲမှမပေါက်ဘူး။လူတွေက စွမ်းအားကြီးမားတာကိုလိုလားတယ်။
ယေရှုက နိုင်ငံတော်ရဲ.အဓိကအရာဟာ နူးညံ.သိမ်မွေ.ခြင်း၊အားနည်းသူများအပေါ်ကရုဏာထားခြင်း၊ကူညီခြင်းဖြစ်တယ်လို. သွန်သင်တယ်။
မိမိတို.ကိုယ်ကို စွမ်းအားကြီးတယ်ဆိုပြီးကျေနပ်ကြသူတွေနဲ.. မဆိုင်ဘူး။
ဘုရင်ဖြစ်မဲ.သူဟာ ဂုဏ်ရှိတဲ.ပုဂ္ဂိုလ်ဖြစ်၇မယ်လို. မျော်လင်.ကြတယ်။မိမိကိုယ်ကို ဘုရင်လို.ကြေညာတဲ.ယေရှုကတော. “သူတပါးအစေကို
ခံခြင်းငှာကြွလာသည် ”လို. ဆိုပါတယ်။ယေရှုဟာ “မိမိအသရေကိုစွန်.သည်”လို.ပေါလုက ပြောပါတယ်။(ဖိ၊၂း၅-၈)လူ.ဖွဲ.အစည်းက ၀ိုင်းကြဉ်
ထားတဲ. နူနာတွေ၊မျိုးမစစ်တွေ၊အခွန်ခံတွေ ၊ပြည.်တန်ဆာတွေ၊အမျိုးသမီးတွေ၊ကလေးတွေနှင်. နေထိုင်ကျင်လည်ခဲ.တယ်။
ယေရှူကြေညာခဲ.တဲ.နိုင်ငံတော်မှာ နိုင်ငံသားမိဘကနေမွေးဖွားလာခြင်းနှင်.၀င်လို.မရဘူး။တခုခုကိုကြိုးစားလုပ်ဆောင်နိုင်စွမ်းနဲ.လည်းဝင်လို.
မရဘူး။လူသားတစ်ဦးချင်းစီရဲ. နောင်တရပြောင်းလဲလာခြင်း၊ယုံကြည်ခြင်း တို.နှင်.၀င်ရောက်နိင်တယ်။အဲဒါတွေက လိုက်နာကျင်.ဆောင်ရမဲ.
နည်းလမ်း၊ကျင်.စဉ် ဆိုတာမျိုးနဲ.မတူပါဘူး။တစ်ယောက်စီရဲ.အတွင်းစိတ်ထဲကနေဖြစ်လာတာပါ။
ဒီလိုနိုင်ငံတော်မိုးကို ကျနော်တို.ယုံနိုင်မလား။ယေရှုက “သင်သည်ယုံကြည်နိုင်သလော၊ယုံကြည်သောသူဖြစ်လျှင်ခပ်သိမ်းသောအမှုတို.ကို
တတ်နိုင်သည်”လို.မိန်တော်မူတယ်။(မာကုခရစ်ဝင်ကျမ်း ၉း၂၃)ကျနော်တို.အနေနဲ. လက်ရှိမြင်တွေ.နေ၇တဲ.ဆိုးညစ်မှုတွေအဆုံးတိုင်သွားပြီး
တော. ပြည.်စုံသည်ထက်ပြည.်စုံကောင်းမွန်လာတဲ.အနာဂါတ်ကိုယုံကြည်ရမယ်။ယေရှုကြေညာခဲ.တဲ. ဖန်ဆင်းရှင်ဘုရားသခင်ရဲ.နိုင်ငံတော်
ဟာ စတင်နေပြီဖြစ်ပြီး နောင်တချိန်မှာအလုံးစုံတို.နှင်.ပြည.်စုံစေတော်မူသောသူရဲ. ပြည.်စုံခြင်းကာလကိုရောက်လာမယ်။ တကယ်တမ်း
လူ.အနေနဲ.ကြည.်ရင် သိပ်စိတ်ကူးယဉ်လွန်းရာကျပါတယ်။ဒါပေမဲ. ယေရှုကတော.သူ.လုပ်ဆောင်မှုဟာ ဖန်ဆင်းရှင်ရဲ.အလိုတော်ဖြစ်တဲ.
အတွက် တကယ်ဖြစ်လာမယ်လို.ပြောခဲ.ပါတယ်။
“လူမတတ်နိုင်တော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ဘုရားသခင်သည်ခပ်သိမ်းသောအမှုတို.ကိုတတ်နိုင်တော်မူသည်။”
(မာကုခရစ်ဝင်ကျမ်း ၁၀း၂၇)

အရပ်ရပ်တို.၌နေ၍ အသီးသီးအခြားခြားသောဘာသာစကားကိုပြောသော လူမျိုးတကာတို.ကို အုပ်စိုးခြင်းငှါ၊ထိုသူသည်နိုင်ငံနှင်.တကွ အာဏာ
စက်တန်ခိုးကိုရ၏။အာဏာစက်တော်သည် ထာဝရတည်၏။နိုင်ငံတော်သည်ပျက်စီးခြင်းသို. မရောက်နိုင်ရာ။
(ဒံယေလအနာဂတ္တိကျမ်း၊ ၇း၁၄)
အာမင်...အာမင် ...အာမင်

No comments:
Post a Comment